ပဲခူး ၁၈ ဇူလိုင်

 

ပဲခူးမြို့ ရွှေမော်ဘုရားလမ်းနှင့် တောင်ငူလမ်းဆုံ၊ ရန်ကုန်-မန္တလေး ကားလမ်းဘေး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့တွင်ရှိသော ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်အား ခြံစည်းရိုးများဖြုတ်ပြီး Public Area အဖြစ် ပိုမိုအသက်ဝင်လာစေရန်အတွက် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

 

ဗိုလ်ချုပ်မြင်းစီးကြေးရုပ်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုငွေကျပ်သိန်း(၃၀ဝ)ဖြင့် ပဲခူးမြို့နယ် စည်ပင်ကော်မတီနှင့် မြို့နယ်စည်ပင်ယာရေးအဖွဲ့မှ ဦးဆောင်ပြီး ခုံတုံးအဆင့်မြှင့်ခြင်း၊ ကြေးရုပ်ပတ်လည် အုတ်ရေမြောင်းဆောင်ရွက်ခြင်း၊ ရွှေရောင်အစား ကြေးရောင်ပြောင်းလဲသုတ်ခြင်းတို့ကို ဇွန်လဒုတိယပတ်မှစတင်ပြီးဆောင်ရွက်ခဲ့သည်။

 

အဆိုပါ ဗိုလ်ချုပ်မြင်းစီးကြေးရုပ် ပတ်ပတ်လည်တွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်တစ်ပိုင်း ကြေးရုပ်များ ထားရှိရေးအတွက် ငွေကျပ်သိန်း (၁၈၀) ဖြင့် လျာထားဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူများ နေ့၊ ည အပန်းဖြေ စိတ်ရွှင်လန်းနိုင်စေရန်နှင့် နိုင်ငံခြားသားဧည့်သည်များ သွားလာရေးအဆင်ပြေစေရန်အတွက် 5BB နှင့် ချိတ်ဆက်၍ Internet Free WiFi ကိုလည်း တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အင်ဂျင်နီယာ ဦးဇော်နိုင်၏ ပြောကြားချက်အရ သိရသည်။

 

တင်စိုး(ပဲခူး)

 

FB_IMG