နေပြည်တော် ၁၈ ဇူလိုင် 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ရှေ့ဥပစာ၌ ကျင်းပသည်။

 

1

 


ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များက သရက်ပင်များ စိုက်ပျိုးပေးကြပြီး အရာထမ်း၊ အမှုထမ်းများ သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုကြသည်။


ယနေ့ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သစ်ပင်စိုက်ပျိုးပွဲတွင် သရက်ပျိုးပင် (၁၂၀) ကို စိုက်ပျိုးခဲ့ကြောင်းသိရသည်။ 


သတင်းစဉ်