ရေနံချောင်း  ၁၈   ဇူလိုင်  


မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၀ ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့အထိ ကာလအတွက် အရပ်ရပ်အခွင့်အရေးနှင့် သားသတ်လုပ်ငန်း လိုင်စင်များကိုလေလံတင် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းလိုင်စင်များကို ရေနံချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ဇူလိုင် ၂၃ ရက် နံနက် ၁၀ နာရီတွင်ရောင်းချမည်ဖြစ်ပြီး လေလံလျှောက်လွှာများကို ဇူလိုင်လ ၂၂ ရက် နောက်ဆုံးထားပြီး လက်ခံမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။


လုပ်ငန်းလိုင်စင်များမှာ မြို့မအမဲခုံ(၁၊ ၂၊ ၃)နှင့် ကျေးလက်အမဲခုံများ၊ ဆိတ်သားသတ်ခုံ(၁၊ ၂)၊ ဝက်ခုံ(၁၊ ၂၊ ၃)၊ မြို့မအပေါင်ဆိုင် တွင်းကုန်းအပေါင်ဆိုင်၊ မြို့မဈေးကြီးကောက်၊ လမ်းဘေးဈေးကောက်၊ မြေနီခင်ဈေးကောက်၊ တွင်းကုန်းဈေးကောက်၊ ဈေးအိမ်သာကောက်၊ မြို့မကြီးဈေးဆိုင်ကယ်အပ်နှံခွင့်ကောက်၊  ဆိပ်ကမ်းကောက်၊ ရေနံချောင်းဇီးကျွန်း၊ ဝက်မစွတ်ရှား တော၊ ပေတောသနပ်ပင်စု၊ ကျည်းကြီး၊ ငါးလန္တာကုတို့များ၊ ကျွဲနွားပွဲဈေးကောက်များ ဖြစ်ကြောင်း သိရသည်။


ဆန်းညွန့်(ရေနံချောင်း)