မြောင်းမြ ၁၈ ဇူလိ်ုင် 

 


ဇူလိုင်လ ၁၇ ရက် မွန်းလွဲ ၂ နာရီက ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်း၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

 


အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး၊ လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာ၊ ဦးစီးမှူး ဒေါ်သီတာလွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ မြို့ပေါ် ၁ ရပ်ကွက် ၃ ရပ်ကွက် ၇ ရပ်ကွက်မှ မသန်စွမ်းသူ (၃) ဦးအား တစ်ဦးလျှင် ၃၀ဝ၀ဝ ကျပ်စီထောက်ပံ့ ပေးခဲ့ကြောင်းသိရသည်။

 


စန္ဒာမိုး(ပြန်/ဆက်)