ဆိပ်ဖြူ  ၁၈   ဇူလိုင်   


မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ချောင်းမကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တွင် မြို့နယ် ပြည်သူ့ကျန်မားရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသားကျောင်းသူများအား ကျောင်းကျန်းမားရေး အသိပညာပေးနှင့် ကျန်းမားရေး စစ်ဆေးခြင်းလုပ်ငန်းများကို ဇူလိုင်လ ၁၈ ရက် နံနက်( ၉) နာရီက ကွင်းဆင်းဆောင်ရွက်သည်။


အဆိုပါ လုပ်ငန်းကို ကျောင်းသား ကျောင်းသူများ သန့်(၄) သန့်နှင့်အညီ  ကျန်းမာ ကြံ့ခိုင်စေရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းစေရေး၊ ရောဂါအမျိုးမျိုး သယ်ဆောင်သော ပိုးမွှားများမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါကင်းများ ကင်းစေရန် ရည်ရွယ်၍  ကွင်းဆင်းဆောင်ရွက်ကြောင်း သိရှိရသည်။


အဆိုပါ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ဆိပ်ဖြူမြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာနက ဒေါက်တာ သန့်ဇင်မင်းနှင့်ဝန်ထမ်းများ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် သန့်(၄)သန့်အကြောင်းအရာများ၊ အစားအစာနှင့် အာဟာရ အုပ်စု များအကြောင်း၊ ခြင်ကြောင့်ဖြစ်တတ်သော သွေးလွန်တုပ်ကွေးနှင့် ရာသီတုပ်ကွေး ကြိုတင်ကာကွယ်ရေးများကို ဆွေးနွေး ပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်လွင်က ကျေးဇူတင်စကား ပြောကြားပေးခဲ့သည်။


ထို့နောက် ဒေါက်တာ သန့်ဇင်မင်းနှင့် အဖွဲ့သည် ကျောင်းသား ကျောင်းသူများအား ကိုယ်အလေးချိန်ခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


စိုးလင်းနိုင်(IPRD)