၁၈ ဇူလိုင်

 


၂၀ဝ၈ ခုနှစ်က အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့က တိုက်ခိုက်မှုကို နောက်ကွယ်က ကြိုးကိုင်သူလို့ သံသယရှိသူ ဟာဖစ် ဆာရိ ကို မနေ့က ပါကစ္စတန်နိုင်ငံမှာ ဖမ်းဆီးရရှိခဲ့ပါတယ်။ အခုလိုဖမ်းဆီမှုဟာ ပါကစ္စတန် ဝန်ကြီးချုပ် အမေရိကန်နိုင်ငံကို မသွားရောက်ခင်မှာ ဖြစ်ပါတယ်။ 

 

ဆာရိအားဖမ်းဆီးနိုင်မှု ပတ်သတ်ပြီး အမေရိကန်သမ္မတက “လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက မွန်ဘိုင်းတိုက်ခိုက်မှုရဲ့ ကြိုးကိုင်သူလို့ ယူဆရသူကို ဖမ်းဆီးနိုင်တာ ကြိုဆိုကြောင်း” တွစ်တာမှာ ရေးသားထားပါတယ်။  ဝန်ကြီးချုပ် အီမရန် ခန် ဟာ လာမယ့်သီတင်းပတ်မှာ အိမ်ဖြူတော်ကို ပထမဦးဆုံးအကြိမ် သွားရောက် လည်ပတ်မှာဖြစ်ပါတယ်။

 

ဆာရိ ဟာ ကမ္ဘာ့အကြမ်းဖက်တစ်ဦးဖြစ်ကြောင်း အမေရိကန်နိုင်ငံနဲ့ ကုလသမ္မဂတို့က ကြေငြာခဲ့ပြီး ဆာရိရဲ့ ဦးခေါင်းကို အမေရိကန်အစိုးက ဒေါ်လာ ၁၀သန်းနဲ့ ဆုငွေထုတ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ ဆာရိဟာ ပါကစ္စတန်နိုင်ငံရဲ့ အချုပ်ခန်းအတွင်းရောက်လိုက် အပြင်ရောက်လိုက်နဲ့ ရှိနေခဲ့သလို၊ တခါတရံ နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်ရမျိုး၊  ဖမ်းဆီခံမှုကနေ ခေတ္တာခဏ လွှတ်ပေးတာမျိုးနဲ့ ကျန်ခဲ့တဲ့ နှစ်တွေကို ဖြတ်သန်းခဲ့ပါတယ်။ 

 

ပါကစ္စတန်နိုင်ငံမှာ ဒီနှစ်အစောပိုင်းက စစ်သွေးကြွလို့ သံသယရှိသူ ၁၀ဝ ကျော်ကို ဖမ်းဆီးခဲ့သလို ရာချီတဲ့ ဘာသာရေးကျောင်းတွေကို ပိတ်ခဲ့ပါတယ်။ 

 

၂၀ဝ၈  မွန်ဘိုင်းတိုက်ခိုက်မှုအတွင်းမှာ လူပေါင်း ၁၆၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။ 

 

MDN
ကိုးကား - AFP