ရန်ကုန် ၁၈ ဇူလိုင်
အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သော ဆရာကြီး ဦးရာဇတ် အထက်တန်းကျောင်းသား ဘဝတွင် စာစီစာကုံးပြိုင်ပွဲမှ ဆုရရှိခဲ့သော အလေးချိန် ၈ ဒသမ ဝ၈ ဂရမ်ရှိ ရွှေတံဆိပ်ဆု(၁၉၁၉-၁၉၂၀)(metal) နှင့် ၎င်းအသုံးပြုခဲ့သော ကြေးမီးခြစ်ကို အများပြည်သူကြည့်ရှုနိုင်ရေးအတွက် ဆရာကြီး ဦးရာဇတ်၏ သားဖြစ်သူ ဦးတင်မြင့်မိသားစုက အမျိုးသားပြတိုက်(ရန်ကုန်) သို့ ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က လက်ခံရယူကာ လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြောကြားပြီး အလှူရှင်မိသားစုသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


