ရန်ကုန် ၁၈ ဇူလိုင်  

 

အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ်(၉၅)(၉၆)(၉၇)နှင့် စာရေးဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ်(၁၇၉)(၁၈၀)(၁၈၁)(၁၈၂)တို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမတွင် ကျင်းပရာ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုး တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားသည်။

 

ယင်းနောက် သင်တန်းအမျိုးအစားများအလိုက် စံပြဆုရရှိသူများကို ဆုများချီးမြှင့်ပြီး သင်တန်း ဆင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။

 

ယင်းသင်တန်းဆင်းပွဲသို့ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)၊ ကျောင်းအုပ်ကြီး/ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူး/ပါမောက္ခ(ပညာဌာနမှူး)များ၊ ဌာနမှူး/ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများ၊ ဌာနခွဲမှူးများ၊ လက်ထောက်ကထိကများ၊ နည်းပြများနှင့် အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ်(၉၅)(၉၆)(၉၇)နှင့် စာရေးဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ်(၁၇၉)(၁၈၀)(၁၈၁)(၁၈၂)သို့ တက်ရောက်ကြသည့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယဦးစီးမှူးအဆင့်ရှိ အရာထမ်းငယ် သင်တန်းသား(၁၇၁)ဦး၊ သင်တန်းသူ(၂၁၇)ဦးနှင့် စာရေးအဆင့်ရှိ သင်တန်းသား(၂၃၀)ဦး၊ သင်တန်းသူ(၂၈၉)ဦး စုစုပေါင်း( ၉၀၇)ဦး တက်ရောက်ခဲ့ကြသည်။ အဆိုပါ သင်တန်းကာလမှာ ရက်သတ္တ(၄)ပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)