၁၈ ဇူလိုင်
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ( UNHCR ) က လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီတွင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားသဖြင့် လူပေါင်း တစ်သိန်းနှစ်သောင်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။
အရှေ့အခြေစိုက်စစ်တပ်သည် အစိုးရအခြေစိုက်ရာ မြို့တော် ထရီပိုလီ ကို အာဏာသိမ်းယူရန် ဧပြီလအစောပိုင်းကတည်းက စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ယခုအချိန်ထိ သေဆုံးသူပေါင်း ၁၀ဝ၀ ကျော်ရှိပြီး ဒဏ်ရာရသူ ၅၇၀ဝ ကျော် ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောကြားချက်အရ သိရသည်။
လစ်ဗျားအရှေ့ပိုင်းတွင် အရှေ့အခြေစိုက်စစ်တပ်နှင့် အစွန်းရောက်အုပ်စုများအကြား နှစ်ပေါင်းများစွာကြာ တိုက်ပွဲများဖြစ်ပွားသောကြောင့် သိန်းချီ ရှိသောလူများသည် ၎င်းတို့၏နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြသည်ဟု UNHCR က ပြောကြားခဲ့သည်။
အရှေ့အခြေစိုက်စစ်တပ်ကို ဦးဆောင်သော ကာလီဖာ ဟာတာ (Khalifa Haftar) နှင့် အစွန်းရောက်အုပ်စုများအကြား ပြင်းထန်သည့်တိုက်ပွဲဖြစ်ပေါ်ကာ လစ်ဗျားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော် ဘန်ဂါဇီ (Benghazi) နှင့် မွေးရပ်မြေတွင် ၂၀၁၁ ခုနှစ် က ခေါင်းဆောင်ဟောင်း မွမ်မာကဒါဖီ ကို ဖြုတ်ချ သည့် ဆူပူအုံကြွမှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို