၁၈ ဇူလိုင်

 


အာဖဂန် တပ်ဖွဲ့များက အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နာဂါဟာပြည်နယ်တွင် တာလီဘန်အုပ်စု၏ အဓိကအဖွဲ့ဝင်ဖြစ်ပြီး အသေခံဗုံးခွဲတိုက်ခိုက်မှုများတွင် စီစဉ်သူတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသန္တရတာဝန်ရှိသူတစ်ဦးက ယနေ့ပြောကြားခဲ့သည်။

 


အဆိုပါ ဖမ်းဆီးရမိသူသည် Jalalabad အရှေ့ဘက် Surkh Rod ခရိုင်ရှိ အစိုးရရုံးများကို ပစ်မှတ်ထားကာ ကားဗုံးဖောက်ခွဲခြင်း အသုံးပြုရန် တာလီဘန် အသေခံဗုံးခွဲတိုက်ခိုက်သူတစ်ဦးကို စေခိုင်းခဲ့ကြောင်း ထိုတာဝန်ရှိသူက ဆိုသည်။

 


အဆိုပါ ကားဗုံးကို လုံခြုံရေးတပ်ဖွဲ့များက တွေ့ရှိပြီး ဖျက်ဆီးခဲ့သည်။

 


ယင်းသို့ဖမ်းဆီးခံရသူ စစ်သွေးကြွမှာ သူ၏ပြစ်မှုကို ဝန်ခံပြောကြားခဲ့ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သတင်းအရင်းအမြစ်အရ သိရသည်။

 


ထိုနယ်မြေတွင် အစိုးရတပ်ဖွဲ့များနှင့်တိုက်ပွဲများဖြစ်ပွားနေသော တာလီဘန်စစ်သွေးကြွများက ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာ ပြောကြားခြင်းမရှိပေ။

 

 

ကိုးကား- ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို