ချောက် ၁၈ ဇူလိုင်
ချောက်မြို့နယ်အတွင်း လက်ပံကျွန်းအုပ်စု၊ စွယ်ပေါက္ကံအုပ်စု၊ ဂွေးပင်အုပ်စုတို့မှ ၂၀၁၈-၂၀၁၉ခုနှစ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သီးနှံအလိုက်ပျက်စီးဆုံးရှုံးမှုဧရိယာ ဧကများအပေါ် စိုက်ပျိုးရေးဦးစီးဌာန အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁) ဒေါ်စန်းစန်းဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂) ဦးစိုးဝင်းတို့ က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း က အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် ထောက်ပံ့ကြေးငွေအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က လက်ပံကျွန်းအုပ်စုတောင်သူ ၁၁၇ ဦး၏ ထိခိုက်ပျက်စီးသီးနှံ နွေနှမ်း ၄၂ ဧကအား တစ်ဧကလျှင် ငွေကျပ် ၅၀ဝ၀ဝ နှုန်းဖြင့် ပံ့ပိုးမှုငွေကျပ်၂၁၀ဝ၀ဝ၀၊ ပဲတီစိမ်း ၂၄ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် ၅၀ဝ၀ နှုန်းဖြင့် ပံ့ပိုးမှုငွေကျပ် ၁၂၀ဝ၀ဝ အားလည်းကောင်း၊ စွယ်ပေါက္ကံအုပ်စုတောင်သူ ၉ ဦး၏ ထိခိုက်ပျက်စီး သီးနှံမိုး နှမ်း ၁၆ ဧကအတွက် တစ်ဧကလျှင် ငွေကျပ ်၅၀ဝ၀ နှုန်းဖြင့် ပံ့ပိုးမှုငွေကျပ် ၈၀ဝ၀ဝ အား လည်းကောင်း၊ ဂွေးပင်အုပ်စုမှ တောင်သူ ၄၀ ၏ ထိခိုက်ပျက်စီးသီးနှံ မိုးနှမ်း ၄၂ ဧကအတွက် တစ်ဧကငွေကျပ် ၅၀ဝ၀ နှုန်းဖြင့် ငွေကျပ်၂၁၀ဝ၀ဝ၊ မြေပဲ ၁ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် ၃၀ဝ၀ဝ အားလည်းကောင်း စုစုပေါင်း ငွေကျပ် ၂၅၄၀ဝ၀ဝ အား တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)


