ရန်ကုန် ၁၈ ဇူလိုင်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများဖြစ်သည့် ခေါင်းဆောင်မှုစွမ်းရည်တိုးမြှင့်ရေးသင်တန်းအမှတ်စဉ်(၅)၊ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၇၂)၊ အဆင့်မြင့် စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ်(၃၅)၊ စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၁၀၅) သင်တန်းများဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါ ကျောင်း၌ကျင်းပသည်။
သင်တန်းတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၁၇၉)ဦးဖြင့်ဖွင့်လှစ် လေ့ကျင့်သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ်များပေးအပ်သည်။ သင်တန်းကာလမှာ ဧပြီ- ၂၉ ရက်မှ ဇူလိုင်- ၁၈ ရက်ထိ ရက်သတ္တ(၁၂)ပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


