ရန်ကုန် ၁၈ ဇူလိုင်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Saurabh Kumar အား ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ရန်ကုန်ရုံးခွဲ)ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ကိစ္စများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


