တာချီလိတ် ၁၈ ဇူလိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကျေးလက်နေတောင်သူများ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP (Good Agriculture Practice) ပိုမိုသိရှိဆောင်ရွက်လာနိုင်ရေးနှင့် EM ဘိုကာရှီ ပြုလုပ်သုံးစွဲနည်း ကွင်းလက်တွေ့သရုပ်ပြပွဲအား ယနေ့နံနက် ၈ နာရီက မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ကျေးရွာ တောင်သူ ဦးကျလော၏ လယ်မြေ၌ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ကွင်းလက်တွေ့ပြသရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ် နှင့် ဝန်ထမ်းများက EM ဘိုကာရှိ သဘာဝမြေဩဇာပြုလုပ်သုံစွဲနည်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာများ ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ကျေးရွာနေတောင်သူ ၅၀ ဦးကျော် ပူးပေါင်းပါဝင်ဆောင်ရွက်ကြောင်း သိရသည်။

ဝေယံလင်း(ပြန်/ဆက်)

 

mdn