ကျိုင်းတုံ ၁၈ ဇူလိုင်

(၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ဝန်ထမ်းများ စုပေါင်း၍ ယနေ့နံနက်ပိုင်းက ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

“ကျဆုံးခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး သွေးလှူဒါန်းမှု ကုသိုလ်ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဆေးရုံကြီးမှာ အဓိကလိုအပ်နေတဲ့ သွေးအမျိုးအစားများတွေကို ဝန်ထမ်း (၃၁)ဦးက လာရောက် လှူဒါန်းခြင်း ဖြစ်ပါတယ်။ ဒီတစ်ကြိမ်အပါအဝင် ရှစ်ကြိမ်ရှိပါပြီ။ ကျွန်တော်တို့အနေဖြင့် ခုလို သွေးလှူဒါန်းတာတွေအပြင် အခြားသော ပြည်သူ့အကျိုးပြု လုပ်ငန်းတွေလည်း ဆောင်ရွက်နေပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရှမ်းပြည်အရှေ့ပိုင်း မန်နေဂျာ ဦးသိန်းဌေးမြင့်က ပြောသည်။

 

mdn

 

ယခုလ ၁၃ ရက်နေ့တွင် MPT က စီစဉ်သည့် ကျိုင်းတုံမြို့ ပန်ကွဲကျေးရွာ ဗုဒ္ဓဥယျာဉ်တော် စိမ်းလန်းစိုပြေရေး သစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ပြီး အပင်ပေါင်း ၁၄၀ဝ ကျော် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မောင်မောင်နိုင်(ကျိုင်းတုံ)