ကြံခင်း ၁၉ ဇူလိုင်    


  
ဧရာဝတီတိုင်းဒေသကြီး  ကြံခင်းမြို့ အင်းလပ်အရှေ့  မူလတန်းကျောင်းတွင်  ယမန်နေ့ နံနက်ပိုင်းက ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား/ ကျောင်းသူ များအား  ကျန်းမာရေး စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

 

ယင်းသို့ ကျန်းမာရေး စစ်ဆေးပေးရာတွင် ကြံခင်းမြို့နယ်ကုသရေးနှင့် ကျန်းမာရေးဉီးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အဟာရအုပ်စု ပညာပေးခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေးပညာပေးခြင်း၊ လက်ဆေးနည်း သင်ပေးခြင်း၊ သွားဆရာဝန် ဒေါက်တာစောထူးသာက နည်းစနစ်မှန် သွားတိုက်နည်းသင်ပေးခြင်း၊ ဒေါက်တာ မျိုးအိအိထွန်းက ရာသီတုပ်ကွေး DHF ပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး ကျောင်းသား ကျောင်းသူများကို အထွေထွေစစ်ဆေးကုသခြင်း နှင့် သွားကျန်းမာရေးဆိုင်ရာစစ်ဆေးခြင်း၊ နုတ်ပေးခြင်းများ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။    


                             
ပို့ပို့ ( ပြန်/ဆက်)

 

eceive