နယူးယောက် ၁၉ ဇူလိုင်
မက္ကဆီကိုမူးယစ်ရာဇာ ဂျိုအာကွင် အယ်လ်ချာပို ဂတ်စ်မန်ကို အမေရိကန်တရားသူကြီးများက ထောင်ဒဏ်တစ်သက် တစ်ကျွန်းကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း ဇူလိုင် ၁၇ ရက်နေ့ တရားခွင်ကြားနာ စစ်ဆေးခဲ့မှုအရ သိရသည်။
နယူးယောက်စီးတီးမြို့ ဘရွတ်ကလင်းရှိ ဖက်ဒရယ်တရားရုံး ၌ အမေရိကန်ခရိုင်တရားသူကြီး ဘရီယန်ကိုဂန်က အယ်လ် ချာပိုအား ပြစ်ဒဏ်ချမှတ်ကြောင်း ကြေညာလိုက်သည်။ ယင်းပြစ်ဒဏ်အပြင် နောက်ထပ် ထောင်ဒဏ်အနှစ်သုံးဆယ် ကျခံစေရန်နှင့် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ သန်းကို သိမ်းဆည်းငွေအဖြစ် အမေရိကန်အစိုးရထံသို့ ပေးအပ်ရန် တရားသူကြီး ကိုဂန်က အမိန့်ချခဲ့သည်။
အသက် ၆၂ နှစ်ရှိပြီဖြစ်သည့် အယ်လ်ချာပို ဂတ်စ်မန်သည် လူသတ်မှုတွင် ပူးပေါင်းကြံစည်မှုနှင့် မူးယစ်ဆေးဝါးများကို နိုင်ငံတကာသို့ ဖြန့်ဖြူးခဲ့မှုများအပါအဝင် ပြစ်မှုပေါင်း ၁၀ ခု ကျူးလွန်ခဲ့သည်မှာ ထင်ရှားကြောင်း ဖေဖော်ဝါရီလအတွင်းက စစ်ဆေးပေါ်ပေါက်ခဲ့သည်။
က္ဘာ့အကြီးဆုံး မူးယစ်ဆေးဝါးမှောင်ခိုရောင်းချသည့် အဖွဲ့ အစည်းတစ်ခု၏ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည့် အယ်လ် ချာပို ဂတ်စ်မန်သည် အမေရိကန်ဒေါ်လာ ၁၂ သန်းတန်ဖိုးခန့် ရှိသည့် ဟီးရိုးအင်း၊ မက်တာဖက်တမင်း၊ ဆေးခြောက်နှင့် ကိုကင်းများကို မက္ကဆီကိုမှ အမေရိကန်သို့ နှစ်ပေါင်းများစွာ တရားမဝင် ဖြန့်ဖြူးရောင်းချခဲ့ကြောင်း ဖက်ဒရယ်အစိုးရရှေ့နေများ၏ ဖော်ပြချက်အရ သိရသည်။
အေအက်ဖ်ပီ