တိုကျို ၁၉ ဇူလိုင် 


ဂျပန်နိုင်ငံ ကျိုတိုရှိ ကာတွန်းရုပ်ရှင်စတူ ဒီယိုတစ်ခုကို သံသယဖြစ်ဖွယ် မီးရှို့တိုက် ခိုက်ခံခဲ့ရပြီးနောက် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။


ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ကျိုတိုရှိ ကာတွန်းရုပ်ရှင်စတူဒီယို အဆောက်အအုံကို မီးရှို့ရန်အတွက် ဇူလိုင် ၁၈ ရက် နံနက် ၁၀ နာရီခွဲခန့် တွင် အမျိုးသားတစ်ဦးက ဓာတ်ဆီများကို သွန်ချထားခဲ့ဟန်ရှိကြောင်း ဖော်ပြသည်။ မီးလောင်မှုဖြစ်ပွားချိန်တွင် စတူဒီယို ဝန်ထမ်းများအပါအဝင် အဆောက်အအုံ အတွင်း၌ လူ ၇၀ ခန့်ရှိနေခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။


မီးလောင်မှုဖြစ်ပွားပြီးနောက် လူ ၃၆ ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး တစ်ဦး သေဆုံးသွားကြောင်း အတည်ပြုခဲ့သည်။


အဆောက်အအုံကို မီးရှို့ရန်ကြံစည် ခဲ့သူဟု သံသယရှိသည့်အမျိုးသားမှာ အသက် ၄၁ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးဖြစ်သည်ဟု ၎င်းယူဆောင်လာ ခဲ့သည့် ယာဉ်မောင်းလိုင်စင်ကိုကြည့်ကာ ခန့်မှန်းရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ အဆိုပါအမျိုးသားကို ဖမ်းဆီးထိန်းသိမ်း ခဲ့ပြီး ဆေးရုံ၌ ၎င်း၏ဒဏ်ရာများကို ကုသ လျက်ရှိကြောင်း သိရသည်။ အဆောက် အအုံအတွင်း၌ မီးမရှို့မီ ဓာတ်ဆီများကို လောင်းချထားခဲ့ကြောင်း အဆိုပါအမျိုး သားက ဝန်ခံခဲ့သည်ဟု ဖော်ပြထားသည်။


အေအက်ဖ်ပီ