ပန်းတနော် ၁၉  ဇူလိုင် 


ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် (၇၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ပန်းတနော်မြို့ ပန်းရွှေဝါပန်းခြံ ဗိုလ်ချုပ်ကြေးရုပ်ထုရှေ့၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။ 

 

1

 


အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်အတွင်းရှိ မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန်ဖြစ်သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အလေးပြု၍ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နှစ်မိနစ်ငြိမ်သက်ကာ ဂါဝရပြုကြသည်။


ထို့နောက် ပြန်/ဆက် ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများက အာဇာနည်နေ့ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ပြည့်ဖြိုးကျော်(ပန်းတနော်)