တမူး   ၁၉  ဇူလိုင်  

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ တမူးမြို့နယ် ကနန်ကျေးရွာအုပ်စု ကနန်ကျေးရွာတွင်  ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိစေရန် ရည်ရွယ်၍ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းအား ဇွန်လအတွင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

ကနန်ကျေးရွာတွင်၂၀၁၈-၂၀၁၉ ခုဘဏ္ဍာနှစ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁၃၀ ခန့် ဖြင့် အရှည် ၁၃၀ဝ၀ပေရှိသော စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလံ ၂၀ဝ၀ ဆံ့ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းတို့အား ယခုနှစ်ဇွန်လမှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းက ပြောပြ၍ သိရသည်။

 

အဆိုပါ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၁၃၀ အိမ်၊ လူဦးရေ ၆၁၃ ဦးတို့အား သောက်သုံးရေဖူလုံစွာ ရရှိစေရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းသူ

 

received_