ထီးလင်း   ၁၉   ဇူလိုင် 


     
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ထီးလင်းမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

ရှေးဦးစွာ ဂန့်ဂေါခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြော ကြားပါသည်။

 

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးသန်းထိုက်ဇော်က ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုနှင့် လူထုဗဟို ပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပါသည်။

 

ထို့နောက် ထီးလင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးအေးထွန်းမင်းက ထီးလင်းမြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်း ဆောင်ရွက်မှု အခြေအနေများအား တင်ပြခဲ့သည်။

 

ဆက်လက်၍ တက်ရောက်လာကြသော ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင်များမှ အုပ်စုခုနစ်အုပ်စုဖွဲ့ကာ စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့်ပတ်သက်၍ အားသားချက် အားနည်းချက်များနှင့် လာမည့်နှစ် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အကြံပြုချက်များက  ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

 

ထို့နောက် မြို့နယ်အဆင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုအရှိဆုံးဖြစ်သော ကျေးရွာအုပ်စုအဆင့်နှင့် ကျေးရွာအဆင့် ဆုရရှိသူများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုချီးမြှင့်ပေးသည်။

 

အဆိုပါ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူထုဗဟိုပြုစီမံကိန်းစီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ NGO များ၊ CSO များ၊ မီဒီယာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာကော်မတီဝင်များ စုစုပေါင်း (၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

စိုးမိုးကျော် 

 

age DSC_