ညောင်တုန်း ၁၉ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၂) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စုပေါင်းအလေးပြုပွဲကို ယနေ့ နံနက် ၁၀ နာရီက အာဇာနည်ပန်းခြံ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၉၀ဝ) ဦးခန့် တက်ရောက် အလေးပြုခဲ့ကြသည်။
အခမ်းအနားတွင် ဂုဏ်ပြုတပ်ဖွဲ့မှ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုအလေး ပြုခဲ့ပြီး နိုင်ငံတော်အလံအား တစ်ဝက်လွှင့်ထူခဲ့သည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စား ဦးအုန်းလွင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဒေါ်နီနီမိုးနှင့် ဦးကျော်ဆန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းနှင့် ဌာနဆိုင်ရာ အသီးသီးတို့က လွမ်းသူပန်းခွေချ အလေးပြုခဲ့ကြပြီး နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့များမှလည်း လွမ်းသူပန်းခွေချ အလေးပြုခဲ့ကြောင်း သိရသည်။
ဝဠာနိုင်(ညောင်တုန်း)


