ဘုတ်ပြင်း ၁၉ ဇူလိုင်      

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် (၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နိုင်ငံတော်အလံတစ်ဝက် လွှင့်ထူအလေ့ပြုခြင်းနှင့်လွမ်းသူ့ပန်းခွေချခြင်းကို ယနေ့နံနက်ပိုင်းက  မြို့နယ်စည်ပင်သာယာကွင်းရှိ  ယာယီအာဇာနည်ဗိမာန်တွင် ကျင်းပခဲ့သည်။


    
အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဋ္ဌ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဆွေမြင့်၊ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးတင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများက နံနက် ၈ နာရီမှစ၍ ယာယီအာဇာည်ဗိမာန်တွင် လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းကို အသီးသီးဆောင်ရွက်ခဲ့ကြသည်။ 

 

ဆက်လက်၍ အခမ်းအနားတက်လာကြသူများက နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းကြီးများအား အလေးပြုကြသည်။ ယင်းနောက် တက်ရောက်လာကြသူများက အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းဆွတ်အောက်မေ့ သတိရခြင်းအားဖြင့် ဥသြဆွဲ၍တစ်ပြိုင်နက် တစ်မိနစ် ငြိမ်သက်အလေးပြုခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရှိရသည်။

 

MDN

 

4.jp