ပခုက္ကူ ၁၉ ဇူလိုင်         


(၇၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပခုက္ကူမြို့၊ အမှတ် ၁ ရပ်ကွက်အာဇာနည်ဗိမာန်တည်ဆောက်မည့် ကွင်း၌ ကျင်းပခဲ့သည်။

 

1

 

    
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံကို အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းနှင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နှစ်မိနစ်ငြိမ်သက်ကြသည်။

    
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၊ နိုင်ငံရေး ပါတီများနှင့် လူမှုရေး အသင်းအဖွဲ့များက အမှတ်တရ လွမ်းသူပန်းခွေများ ချကြသည်။ ဒေသခံ ပြည်သူများကလည်း နံနက်ပိုင်းတွင် အာဇာနည်ခေါင်းဆောင်ကြီးများအား လာရောက်ဂါရပြု လွမ်းသူပန်းခွေများချကြသည်။

    
အာဇာနည်နေ့ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံကပ်စာစောင်များပြသပြီး အာဇာနည်နေ့ အမှတ်တရ စာစောင်များ ဖြန့်ဝေသည်။

    
ဆက်လက်၍ နံနက် ၁၀ နာရီတွင် ပခုက္ကူခရိုင် အုပ်ချုပ်ရေးမှူးရုံး၌ အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်း၊ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ပြီး ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သိရသည်။


ကိုဇော်(ဓာတု)