နေပြည်တော် ၁၉ ဇူလိုင်


၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့၊ မြန်မာစံတော်ချိန် ၂  နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ  မြစ်ရေကြီးမှု အခြေအနေ သတင်းကို ထုတ်ပြန်ထားသည်။


ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် သပိတ်ကျင်းမြို့တွင် (၂)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၁)ရက်အတွင်း ပေဝက်ခန့်ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။


သို့ဖြစ်ပါ၍ သပိတ်ကျင်းမြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးဇလမှ အကြံပြုထားသည်။


MDN