နေပြည်တော် ၁၉  ဇူလိုင်

မောင်တောမြို့နယ်၊ နယ်မြေ(၅)၊ အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ ရွက်ညိုတောင် ရဲကင်းစခန်းမှ ရဲမှူးတင်လှိုင်ဦးစီးသည် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွားတိုက်ခိုက်ရေး ရေယာဉ်အမှတ်(ဝ၀၁)ပါ ၂ စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအမှတ်(၂) နယ်ခြားစောင့်တပ် Domdomia BOP ကင်းစခန်းမှ Subedar MD. Razzak ဦးဆောင်သည့် စက်တပ် ရေယာဉ် ၂ စီး၊ စုစုပေါင်း ၄ စီး  တို့သည် ဇူလိုင် ၁၈ ရက် နံနက်ပိုင်းတွင် နှစ်နိုင်ငံနယ်နိမိတ်အနီး မင်္ဂလာကြီးချောင်းဝထိပ် နတ်မြစ်အလယ် ရေမိုင်အမှတ်(၈)အနီးမှ ဦးရှည်ကျ ချောင်းဝထိပ် ရေမိုင်အမှတ်(၁၁)အနီးထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခဲ့ကြသည်။

ယင်းနောက် ရေယာဉ်အမှတ်(ဝ၀၁)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ရဲပြန်ကြား

 

mdn