နေပြည်တော် ၁၉ ဇူလိုင်

မျိုးဆက်သစ် လူငယ်အမျိုးသမီးဘောလုံးသမားများ ထွက်ပေါ်လာရန်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပမည့် ၂၀၁၉ ခုနှစ် MFF ယူ-၁၃ တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၀ ရက် (ယနေ့) စတင်ကျင်းပမည်ဖြစ်သည်။

ယင်းပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲ အခမ်းအနားကို ဇူလိုင် ၁၉ ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် ၁၇ သင်းကို အုပ်စုလေးခုခွဲ၍ ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၁ ရက်အထိ သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပမည်ဖြစ်ပြီး ဇူလိုင် ၂၀ ရက်မှ ၂၆ ရက်အထိ အုပ်စုပွဲ၊ ဇူလိုင် ၂၈ ရက်တွင် ကွာတားဖိုင်နယ်၊ ဇူလိုင် ၃၀ရက်တွင် ဆီမီးဖိုင်နယ်၊ သြဂုတ် ၁ ရက်တွင် ဗိုလ်လုပွဲတို့ ကျင်းပမည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (က) တွင် ကချင်၊ ရခိုင်၊ ရှမ်း (မြောက်)၊ မန္တလေး၊ ဧရာဝတီ၊ အုပ်စု (ခ) တွင် မွန်၊ ကယား၊ပဲခူး၊ စစ်ကိုင်း၊ အုပ်စု (ဂ) တွင် နေပြည်တော်၊ ရှမ်း (အရှေ့)၊ ရှမ်း (တောင်)၊ ချင်း၊ အုပ်စု (ဃ) တွင် ရန်ကုန်၊ မကွေး၊ ကရင်နှင့် တနင်္သာရီအသင်းတို့ ပါဝင်နေသည်။

ဇူလိုင် ၂၀ ရက် (ယနေ့) စတင်ကျင်းပမည့် ပြိုင်ပွဲပထမနေ့တွင် နံနက် ၈ နာရီခွဲ၌ ရခိုင်နှင့် ဧရာဝတီ၊ ရှမ်း (မြောက်) နှင့် မန္တလေး၊ ညနေ ၄ နာရီတွင် နေပြည်တော်နှင့် ချင်း၊ ရှမ်း (အရှေ့) နှင့် ရှမ်း (တောင်) တို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လူငယ်ဘောလုံးသမားများ ထွက်ပေါ်လာရန်အတွက် လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပလျက်ရှိသည်။

သတင်း-ညီမြတ်သော်တာ