mdn

တောင်ငူ ၁၉ ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ မြို့မမိုင်ဒါအားကစားကွင်းအတွင်းရှိ အာဇာနည်ကျောက်တိုင်ကြီးတွင် ယနေ့ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက (၇၂) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပခဲ့ကြပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ် အလေးပြုခဲ့ကြကြောင်း သိရသည်။

 

အခမ်းအနားသို့ တောင်ငူမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တောင်ငူခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ၈၈ မျိုးဆက်များ ၊ပါတီအဖွဲ့အစည်းများ၊ တောင်ငူခရိုင် ဗကသ ကျောင်းသားလူငယ်များ၊ ဒေသအတွင်းနေတိုင်းရင်းသားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ၊ ရှေ့နေများ၊ တောင်ငူမြို့ကိုယ်ပိုင်အထက်တန်းကျောင်းများမှ
ကျောင်းသား/သူများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ တောင်ငူမြို့ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ တက်ရောက်အလေးပြုခဲ့ကြကြောင်း
သိရသည်။

 

သူရ(တောင်ငူ)

 

cc