ရန်ကုန် ၁၉ ဇူလိုင်
(၇၂)နှစ်မြောက်အာဇာနည်နေ့တွင် ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်သို့ ပြည်သူ လူထု အများအပြား လာရောက်ဂါရဝပြုကြပြီး အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်(ရန်ကုန်)နှင့် အတွင်းဝန်ရုံးဟောင်း(ယခင်ဝန်ကြီးများရုံး)များသို့ ပြည်သူလူထုနှင့် နိုင်ငံခြားသား စုစုပေါင်း (၇၆၉၁၈)ဦး လာရောက်ဂါရဝပြု လေ့လာကြကြောင်း သိရသည်။
ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြုသူ ရဟန်းသံဃာ (၃၉၇)ပါး၊ သီလရှင် (၁၀၂)ပါး၊ အမျိုးသား (၁၈၅၇၁) ဦး၊ အမျိုးသမီး (၂၁၃၇၇)ဦး၊ နိုင်ငံခြားသားအမျိုးသား (၁၁)ဦးနှင့် အမျိုးသမီး(၁၈)ဦး စုစုပေါင်း (၄၀၄၇၆)ဦး ရှိကြောင်းသိရသည်။
ထို့အတူ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သို့ လာရောက် လေ့လာသူ ရဟန်းသံဃာ (၃၈၅)ပါး၊ သီလရှင် (၁၂၆)ပါး၊အမျိုးသား (၇၇၃၆)ဦး၊ အမျိုးသမီး(၉၉၄၅)ဦး၊ နိုင်ငံခြားသား အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၁) ဦး စုစုပေါင်း (၁၈၂၀ဝ)ဦး ရှိကြောင်းသိရသည်။
ထို့ပြင် ဗိုလ်တစ်ထောင်မြို့နယ်ရှိ အတွင်းဝန်ရုံးဟောင်း(ယခင်ဝန်ကြီးများရုံး)သို့ လာရောက်လေ့လာသူ ရဟန်းသံဃာ (၃၁၃)ပါး၊ သီလရှင် (၉၃)ပါး၊ အမျိုးသား (၈၅၀၅)ဦး၊ အမျိုးသမီး (၉၂၄၀)ဦး၊ နိုင်ငံခြားသား အမျိုးသား (၄၅)ဦးနှင့် အမျိုးသမီး(၄၆)ဦး စုစုပေါင်း (၁၈၂၄၂) ဦး ရှိကြောင်းသိရသည်။
သတင်းစဉ်


