ဘားအံ ၂၀ ဇူလိုင်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၃)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီက ဓမ္မပီယဘုန်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ယခုလိုနိုင်ငံတော်က ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးခြင်းသည် မိခင်နှင့် ကလေး အာဟာရရှိရေးအတွက် အထောက်အကူပြုပြီး အကျိုးရှိစွာ အသုံးပြုကြရန်လိုကြောင်း၊ သားငယ် သမီးငယ်များ၏ သန်မာထွားကြိုင်းပြီး ဉာဏ်ရည် ဉာဏ်သွေးကောင်းမှသာလျှင် နောင်အနာဂတ်အတွက် နိုင်ငံတော်အတွက် အားကိုးအားထားရမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၁၄)ဦးနှင့် အသက်(၂) နှစ်အောက် ကလေးငယ် (၃၅)ဦတို့အတွက် တစ်ဦးလျှင် (၄၅၀ဝ၀)ကျပ်စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


