လွိုင်ကော် ၂၀ ဇူလိုင် 


(၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာပေဆုချီးမြှင့်ပွဲနှင့် စာပေဟောပြောပွဲ အခမ်းအနားကို ဇူလိုင် ၁၉ ရက် ညနေ ၄ နာရီခွဲက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ စာပေချစ်မြတ်နိုးသည့် စာပေချစ်ပရိတ်သတ်များ တက်ရောက်ခဲ့ကြသည်။

 

1


ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားပြီး လွိုင်ကော်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသူများမှ "အာရှသူရဲကောင်း" သီချင်းဖြင့် လည်းကောင်း၊ လွိုင်ကော်တက္ကသိုလ် ရုက္ခဗေဒဌာနမှ ဒုတိယနှစ်ကျောင်းသူ "မအေးအေးအောင်" မှ အလေးပြုပါသည် တေးသီချင်းဖြင့်လည်းကောင်း အသီးသီးသီဆိုဂုဏ်ပြုခဲ့ကြသည်။


ယင်းနောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် အဆင့်မြင့်ပညာအဆင့်နှင့် အခြေခံပညာအဆင့် ထက်/လယ်/မူအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

 

2


ဆက်လက်၍ နိုင်ငံကျော် စာရေးဆရာကြီးများဖြစ်သည့် ဆရာ ဦးဘုန်း(ဓာတု)မှ "(၅)ရက်အလို" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာမ မသီတာ(စမ်းချောင်း)မှ "အာဇာနည်သားကောင်နှင့် သက်သေ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)မှ "စာပေစကား၊ စာပေမြှား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီး ဟောပြောခဲ့ကြကြောင်း သိရှိရသည်။


လွိုင်ကော်သား

 

3