ဘိုကလေး ၂၀ ဇူလိုင်


ကလေးသူငယ်များ ကျန်းမာပျော်ရွှင်စေရေး ရည်ရွယ်၍ ယနေ့မွန်းတည့် (၁၂)နာရီက ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အားကစားပြိုင်ပွဲများ ကျင်းပပေးခဲ့သည်။

 

DSC


ပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူလေးများက ပူဖောင်းလက်ဆင့်ကမ်း (အောက်) ကစားနည်း၊ ဖားခုန်ကစားနည်းနှင့် ကြက်ခွပ်ကစားနည်းများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး အစုလိုက်အဖွဲ့အလိုက် ညီညီညွတ်ညွတ် စုပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရေးနှင့် ကျန်းမာသွက်လက်စေရေးအတွက် ရည်ရွယ်ကျင်းပ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဆုရရှိသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ဘိုကလေး (ပြန်/ဆက်)

 

IMG_201