ကျောက်မဲ ၂၀ ဇူလိုင်


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ကျောက်မဲမြို့နယ်အတွင်းရှိ ခိုမုန်းကျေးရွာအုပ်စုအတွင်းမှ ဒေသခံတောင်သူများအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်(၂၀)ရက် နံနက်(၁၀)နာရီက ခိုမုန်းကျေးရွာ၊ ထမ်းလင်းဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကျောက်မဲမြို့နယ်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်လင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးစိုးမင်းနိုင်က လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ထုတ်ပေးရခြင်းနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်း ဥပဒေအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ 


ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်၊ ဦးစိုင်းထွန်းဝင်း၊ ကျောက်မဲခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စုအတွင်း အမှတ်(၃၅၂) အမြှောက်တပ်ရင်းမှ ပြန်လည်စွန့်လွှတ်သည့်မြေများအပေါ် တောင်သူ(၃၀)ဦးနှင့် လက်ရှိလယ်ယာမြေများ၌ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော တောင်သူ (၃၅၇)ဦးအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


ကျောက်မဲခရိုင် (ပြန်/ဆက်)

 

image-