မိတ္ထီလာ ၂၁ ဇူလိုင်

မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေနှင့် ကျေးရွာသူကျေးရွာသားများ၏ လုပ်အား၊ငွေအားများဖြင့် ကျေးရွာတွင်းရှိ မြေသားလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ ဖြစ်သည့် ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း(၁၀ဝ)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် အလည်ရွာကျေးရွာ၌ ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀ဝ)နှင့် ကျေးရွာသူကျေးရွာသားများစုပေါင်းထည့်ဝင်သည့် ငွေကျပ် (၁၇၈၀ဝ၀ဝ) တို့ဖြင့် အရှည် ပေ ၇၀ဝ ၊အကျယ်  ၁၂ ပေ ၊ထု ၆ လက်မရှိ  ကျေးရွာတွင်းလမ်းကို ကွန်ကရစ်လမ်း အဖြစ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးပြီး ကျေးရွာသူ ကျေးရွာသားများ၏ စုပေါင်းလုပ်အားဖြင့် မေလ ၆ ရက်နေ့က စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။၎င်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ဒေခံကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာရအဆင်ပြေ တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအလည်ရွာကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်  ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းပြီးစီးမှုအခြေအနေနှင့် ကျေးရွာစွန့်ပစ်အမှိုက်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ ကို မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ(နည်းပညာ)နှင့် တာဝန်ရှိသူ များသည် ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)