လွိုင်လင်  ၂၁ ဇူလိုင်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးစာပေပြပွဲ၊ စာအုပ်ဈေးရောင်းပွဲကို ယနေ့ နံနက် ၉ နာရီက မြို့လယ်ကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

0975

 

အဆိုပါ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတွင် ဆိုင်ခန်းပေါင်း ၁၉ ခန်းမှ သုတ၊ ရတ၊ ကလေးစာပေ စာအုပ်ပေါင်း သုံးသောင်းခန့် ပါဝင်ပြသခဲ့ကြသည်။

 

0976

 

အဆိုပါ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ကျောင်းသား လူငယ်လူရွယ်များ စာဖတ်ရှိန် မြင့်တက်လာစေရန်၊ စာပေချသစ်မြတ်နိုးစိတ်၊ စာပေတန်ဖိုး သိတတ်လာစေရန်၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

5934

 

စာအုပ်ဈေးရောင်းပွဲကို ဇူလိုင် ၂၁ ရက်မှ ၂၅ ရက်အထိ ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပြသပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မိုးလွင်ဦး(လွိုင်လင်)