ဆော  ၂၁  ဇူလိုင်

မကွေးတိုင်းဒေသကြီး ဂန်ဂေါခရိုင် ဆောမြို့စည်ပင်သာယာဈေးတွင် ယနေ့နံနက်ပိုင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရည်ရွယ်၍ ကြွပ်ကြွပ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူများ သုံးစွဲရန် အသိပညာ ပေးခြင်း၊ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

9895

 

“ ဈေးရောင်းချနေသော ဈေးသည်များအား သဘဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုအဖြစ် ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျှော့ချရေး၊ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကြောင့် ရေ၊ မြေ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သဖြင့် ပလတ်စတစ်ကြွပ်ကြွပ်အိတ် သုံးစွဲမှုကိုလျှော့ချ၍ စက္ကူ၊ ဖက်ရွက်များကို အစားထိုး သုံးစွဲသွားကြရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း” ဆောမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်နိုင်က ပြောသည်။

 

9903

 

ထိုသို့ ဆောင်ရွက်ရာတွင် ဈေးအတွင်းအပြင်ရှိ ကုန်စိမ်းဆိုင်၊ ကုန်ခြောက်ဆိုင်၊ အသားဆိုင်များတွင် ကြွပ်ကြွပ်အိတ်အစား အစားထိုးအသုံးပြုနိုင်သည့် အင်ဖက်၊ ငှက်ပြောဖက်၊ သတင်းစာစက္ကူတို့ အခမဲ့ဖြန့်ဝေခြင်းနှင့် "ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့" အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဇော်မျိုးသန့်(ဆော)