ကျိုင်းတုံ ၂၁ ဇူလိုင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ မဟာမုနိဘုရားအနီး၌ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ယာဉ် မတော်တဆမှု ကျဆင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် စည်းကမ်း လိုက်နာမှု မရှိသူများအား စစ်ဆေးအရေးယူ ဆောင်ရွက်မှုများကို တာဝန်ရှိသူများမှ ဆောင်ရွက်ခဲ့သည်။
ထိုသို့ အရေးယူဆောင်ရွက်ရာတွင် မော်တော်ဆိုင်ကယ် မောင်းနှင်သူများအနေဖြင့် ဆိုင်ကယ်စီး ဦးထုတ် ဆောင်းခြင်း၊ ဆိုင်ကယ်စီးလျှင် နှစ်ဦးထက်ပို မစီးခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမောင်းနှင်းသူများ ပိုမိုများပြားလာစေရေး၊ ယာဉ်မတော်တဆ တိမ်းမှောက်ထိခိုက်မှုများ၊ ယာဉ်အန္တရာယ် ဖြစ်ပွားမှုများ ယခင်ထက် လျော့နည်းလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ခရိုင်(ပြန်/ဆက်)မှ သိရသည်။
MDN


