ရေဦး ၂၁ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျှက်ရှိသော အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း( NEP ) မီးစတင်ချိတ်ဆက်ဖွင့်လှစ်ခြင်းကို ဇူလိုင် ၂၀ ရက် ညနေ ၅ နာရီကြ ပုလုပ်ခဲ့သည်။
အမျိုးသားလျှပ်စစ်ဓာတ်အားရှိရေး မီးချိတ်ဆက်ခြင်း ဆောင်ရွက်ရာသို့ ပြည်သူ့ လွှတ်တာ်ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
“ ရေဦးမြို့နယ်မှာ အမျိုးသားလျှပ်စစ်စီမံကိန်းလုပ်ငန်း ဆောင်ရွက်သွားမယ့် ကျေးရွာပေါင်း ၅၆ ရွာရှိပါတယ်၊ အဆိုပါကျေးရွာများအနက် ဇူလိုင် ၁၉ ရက်နေ့ညနေပိုင်းက ဆည်ကြီးနဲ့ ကြာပန်းညိုကျေးရွာ နှစ်ရွာကိုလျှပ်စစ်မီး စတင်ချိန်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်၊ ယခု တတိယမြောက် ကျေးရွာဖြစ်တဲ့ သံသည်ကျေးရွာမှာ လျှပ်စစ်မီးချိတ်ဆက်သည့်ပွဲ ထပ်မံကျင်းပနိုင်ခဲ့ပါတယ်၊ ကျေးရွာပေါင်း သုံးရွာမှာ လျှပ်စစ်မီးချိတ်ဆက်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်ဇူလိုင်လအတွင်း ကျေးရွာခုနှစ်ရွာခန့်ဆက်၍ လျှပ်စစ်မီးချိတ်ဆက်ပေးနိုင်ရေးအတွက် တွန်းအားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊( NEP- On- Grd ) စီမံကိန်းလုပ်ငန်းကို ကန်ထရိုက်အမှတ်( C1- W1- Lot-5 )/ ကန်ထရိုက် တန်ဖိုး ( ၂၇၀,၃၉၂,၁၁၃ ဒသမ ၁၅ ကျပ်) ဖြင့် (Able Winner Co.Ltd) အေဘယ်ဝင်းနားကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်ထံမှ သိရသည်။
သန်းထိုက် ( ရေဦး )


