မြောက်ဦး ၂၁ ဇူလိုင်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဇူလိုင် ၈ ရက်မှ ၁၄ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး လေးမြို့မြစ်ရေလျှံကာ ရေတိုက်စားမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ် ၅ လုံးအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ဇူလိုင် ၂၀ နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ရေကြီးနစ်မြှုပ်မှု ဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသော ကျေးရွာများဖြစ်သည့် သူဌေးကုန်း၊ အကြီးတော်မ၊ ကုန်းချောင်းကျေးရွာများမှ စုစုပေါင်း အိမ်ထောင်စု ၅ စုရှိ လူဦးရေ ၂၇ ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေကျပ် ၅၆၇၀ဝ နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၅ မျိုး၊ ပျက်စီးဆုံးရှုံးသွားသောအိမ်များ ပြန်လည်တည်ဆောက်နိုင်ရန် အိမ်ဆောက်ပစ္စည်းအတွက် တစ်အိမ်လျှင် တစ်သိန်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၅၀ဝ၀ဝဝ တို့ကို မိသားစုများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ခရိုင် ပြန်/ဆက် မှ သိရသည်။
MDN


