ဒေးဒရဲ ၂၁ ဇူလိုင်
ကလေးငယ်များ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ မြန်မာစကားပုံများနှင့် အကျွမ်းတဝင်ရှိစေရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် မြန်မာ စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ခိုင်က ပြိုင်ပွဲများကျင်းပပေးရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြာခဲ့ပြီး ပြိုင်ပွဲအား စတင်ကျင်းပခဲ့ရာ အဆိုပါ ပြိုင်ပွဲသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၀ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)


