ထီးလင်း ၂၁ ဇူလိုင်
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် တောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေး ကိရိယာများ တစ်ပိုင်တစ်နိုင် ဝယ်ယူအသုံးပြုလာနိုင်မှုများကြောင့် ယခင်ကထက် အချိန်တိုအတွင်း လယ်ယာလုပ်ငန်းခွင်များ ပိုမိုအဆင်ပြေ လွယ်ကူမြန်ဆန်လျက်ရှိကြောင်း သိရသည်။
“လယ်ထွန်တဲ့နေရာမှာလည်း ငွေကြေးတတ်နိုင်တဲ့သူက ထွန်စက်တွေနဲ့ ထွန်ယက်ကြပါတယ်။ ကျွဲ၊ နွား အစာကျောင်းသလို အချိန်ပေးစရာ မလိုတော့ဘူး။အချိန်နဲ့လုပ်အား စိုက်ထုတ်ရမှု နည်းတာပေါ့။ နောက်ပြီး အခုလို ရိတ်သိမ်းခြွေလှေ့တဲ့ နေရာမှာလဲ ဟိုတုန်းက လူရဲ့လုပ်အားနဲ့ပဲ ဝိုင်းဝန်းပြီး တနေကုန်နီးပါး၊ ပြုလုပ်ကြရပါတယ်။ အခုတော့ ဒီလို စပါးခြွေလှေ ့ စက်မျိုးတွေ ဝယ်ယူအသုံးပြုလာနိုင်ကြတော့ အချိန်နဲ့လူ လုပ်အား စိုက်ထုတ်ရမှုတွေ သက်သာလာတာပေါ့’’ ဟူ၍ ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက်မှ တောင်သူတစ်ဦးက ပြောကြားကြသည်။
အောင်စည်၊ပြန်/ဆက်


