ဟားခါး ၂၁ ဇူလိုင်

ချင်းပြည်နယ် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက် သီတာစခန်းတွင် ယစ်မျိုးလိုင်စင်မဲ့ အရက်ဘီယာ ရောင်းချနေသူများအား ဟားခါးမြို့မ စခန်းမှူးမှ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဇူလိုင် ၂၀ ရက် မွန်းလွဲ ၂ နာရီက ရှာဖွေဖမ်းဆီးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

0486

 

ထိုသို့ ဆောင်ရွက်ရာတွင် ယစ်မျိုးလိုင်စင်မဲ့ အရက်ဘီယာရောင်းချသူ ဦးချန်ဟဲရ် “ရွှေလီစားသောက်ဆိုင်’’၊ ဒေါ်ငွန်ချင်း၊ ဦးသန်းအေး၊ ဒေါ်ဒါရ်ကီးနှင့် ဦးရွှေနော်လ်ထန်(၅)ဦးတို့၏ စားသောက်ဆိုင်နှင့် နေအိမ်များအတွင်း လိုင်စင်မဲ့ အရက်ဘီယာမျိုးစုံ စုစုပေါင်း ငွေကျပ် ၇၄၇၃၀ဝ၀ ဖိုးရှိ အရက်ဘီယာများ ဖမ်းစီးခဲ့ခြင်း  ဖြစ်သည်။

 

0493

 

အဆိုပါ တရားမဝင် အရက်ဘီယာရောင်းချသူများအား ဟားခါးမြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)