နေပြည်တော် ၂၁  ဇူလိုင်

 

မူဆယ်မြို့နယ် နမ့်အွန်ကျေးရွာ၌ ဇူလိုင် ၂၀ ရက်က ဘိန်းဖြူ ၃၇ ဒသမ ၈၈၄ ကီလိုနှင့် စိတ်ကြွဆေးပြား ၁ ဒသမ ၈ သိန်းပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသတင်းအရ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ဇူလိုင် ၂၀ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် နမ့်အွန်ကျေးရွာရှိ ကျောက်တဲ့ယုံ (၃၀)နှစ် မုန်းဝန်း-တရုတ်/ဗုဒ္ဓ၊ (ဘ) ဦးကျောက်ဆန် ဖွင့်ထားသည့် စက်သုံးဆီဆိုင်၊  နေအိမ်နှင့်  ဂိုဒေါင်တို့အား ရှာဖွေရာ ဂိုဒေါင်အတွင်းရပ်ထားသည့် MDY 9F/---- လင့်ခရူဇာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၃၇ ဒသမ ၈၈၄ ကီလိုနှင့် စိတ်ကြွဆေးပြား ၁ ဒသမ ၈ သိန်းပြားအား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 


ထိုသို့ ရှာဖွေဖမ်းဆီးစဉ် ကျောက်တဲ့ယုံ(၃၀)နှစ်အား မတွေ့ရှိဘဲ တစ်ရွာတည်းနေ တင်ဆွေမြင့် (၄၈)နှစ် (ဘ) ဦးစံပွားနှင့် ဂိုဒေါင်တာဝန်ခံ စိုးနိုင် (၄၆)နှစ် (ဘ) ဦးသောင်းညွန့်တို့အား တွေ့ရှိခဲ့ပြီး အဆိုပါ မော်တော်ယာဉ်အား ဇူလိုင် ၁၉ ရက်ညက စက်သုံးဆီဆိုင်ပိုင်ရှင် ကျောက်တဲ့ယုံနှင့် ညီဖြစ်သူ ကျော်အောင်မြင့်(ခ) ကျောက်ယို့ (၂၇)နှစ်တို့ နှစ်ဉီးမှ လာရောက်ထားရှိခဲ့ကြောင်း သိရသဖြင့် တရားခံများ ဖမ်းဆီးရမိရေး အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


MDN