နေပြည်တော် ၂၁ ဇူလိုင်
ယနေ့မွန်းလွဲ ၂ နာရီခွဲက နေပြည်တော်-ရန်ကုန်လမ်း မိုင်တိုင် ၁၆၅/၃ အနီးတွင် ထွန်းဧရာ(ပခုက္ကူ-ရန်ကုန်) Express ခရီးသည်ယာဉ်သည် လမ်းညာဘက်တွင် အရှိန်လွန်တိမ်းမှောက်သဖြင့် အများအပြားဒဏ်ရာရပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်အရ သိရှိရသည်။

ယာဉ်တိမ်းမှောက်ရာသို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှ အင်အားများနှင့် အထောက်အကူပြု အင်အားများ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်ပေါ်ပါ ခရီးသည်(၅၁)ဦးအနက် ဒဏ်ရာရသူများပြားပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ကနဦးသိရသည်။
MDN
ဓာတ်ပုံ- အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး
