မင်းပြား ၂၁ ဇူလိုင်


ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့နယ်အတွင်း ဇူလိုင် ၈ ရက်မှ ၁၄ ရက်ထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် သဘာဝဘေးဒဏ်သင့်ခံရသော အိမ်ထောင်စုများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက မင်းပြားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 

1


အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးထွန်းငြိမ်းနိုင်နှင့် တာဝန်ရှိသူများက ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ရေကြီးရေလျှံမှုကြောင့် ပျက်စီးအိမ်ထောင်စု ၂၅ စုအတွက် အိမ်ထောင်စု တစ်စုလျှင် ကျပ် ၃ သိန်း၊ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ထောင်စု ၃၁ စုအတွက် အိမ်ထောင်တစ်အိမ်လျှင် တစ်သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း ကျပ် ၁၀၆ သိန်း ပေးအပ်ခဲ့သည်။ 


ထို့အပြင် မြောက်ဦးခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ပျက်စီးအိမ်ထောင်စု ခြောက်စုအတွက် တစ်ထောင်စုအိမ်လျှင် ကျပ် ၁ သိန်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ထောင်စု ၂၉ စုအတွက် အိမ်ထောင်စုတစ်အိမ်လျှင် ၂၀ဝ၀ဝ ကျပ်၊ တစ်ဦးလျှင် ၂၁၀ဝ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၅ မျိုးပါ ပုံးခြောက်ပုံး စုစုပေါင်း ကျပ် ၁၂ သိန်းကျော်ကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 


ဝင်းမင်းစိုး(ပြန်/ဆက်)

 

2