ဟိုပင်  ၂၁ ဇူလိုင် 


ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့ အ.ထ.က တေဇခန်းမဆောင်တွင် ဇူလိုင် ၂၀ ရက် နံနက် ၁၀ နာရီက တပ်မတော်အထွေထွေ (နယ်လှည့်) ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ ကလေးအထူးကုပါရဂူ ဗိုလ်ကြီးစိုင်းမျိုးထွဋ် ဦးဆောင်သည့် အထွေထွေရောဂါအထူးကု ပါရဂူနှင့်အဖွဲ့များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ ဆေးမှူးများက ဆင်တုပ်ကွေးရောဂါဝေဒနာရှင်များနှင့် ဖျားနာဝေဒနာရှင်များကို အခမဲ့လာရောက်ကုသပေးကြသည်။

 

1


ကချင်ပြည်နယ် မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းမြို့နယ်တချို့တွင် မိသားစုလိုက် တုပ်ကွေးရောဂါဖြစ်ပွားနေမှုများကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အခက်ခဲများ မဖြစ်ပေါ်စေရန်အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လမ်းညွန်မှု၊ မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် ယခုလိုလာရောက်ကုသပေးခြင်းဖြစ်ကြောင်း နယ်လှည့်ဆေးကုသရေးအဖွဲ့(ဟိုပင်)၏ ခေါင်းဆောင် ကလေးအထူးကုပါရဂူ ဗိုလ်ကြီးစိုင်းမျိုးထွဋ်က ပြောသည်။


အဆိုပါဆေးဝါးကုသရေးအဖွဲ့သို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီအသင်းသားများ၊ ရတနာပြည့်အောင် ကျောက်စိမ်းကုန်သည်ပွဲစားများ၊ အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ (ERT) သင်တန်းဆင်း ပရဟိတလူငယ်များနှင့် နိုင်ငံရေးပါတီဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည်။

 

2

 

ဆင်တုပ်ကွေးဝေဒနာရှင်များကို ဗိုလ်မှူးကြီးကျော်ခိုင်ထွန်းနှင့်အဖွဲ့၊ မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးနှင့်အဖွဲ့၊ မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲအောင်အဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လူနာများကို တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။


ကုသမှုပထမနေ့တွင် ကလေးသူငယ် တုပ်ကွေးဝေဒနာရှင် (၄၇)ဦးအပါအဝင် စုစုပေါင်း ၄၁၇ ဦးကို ဆေးဝါးများ အခမဲ့ကုသပေးခဲ့ပြီး ဒုတိယနေ့ဖြစ်သော ဇူလိုင် ၂၁ ရက် ယနေ့တွင် ကုသရေးစင်တာ (၂)ခုဖြစ်သော အမှတ်(၁) ဆေးဝါးကုသရေးစင်တာ အ.ထ.က(၁) တေဇခန်းမနှင့် အမှတ်(၂) ဆေးဝါးကုသရေးစင်တာ မြို့တော်ခန်းမတို့တွင် အခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။


ဝ၇၈

 

3