နေပြည်တော် ၂၁ ဇူလိုင်
ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များသည် ဇူလိုင် ၂၁ ရက်မှ ဇူလိုင် ၂၅ ရက်အထိ ငါးရက်ကြာ လေ့လာရေးခရီးစဉ်အဖြစ် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိကြသည်။
အဆိုပါ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များသည် ညနေပိုင်းတွင် နေပြည်တော် ရေပန်းဥယျာဉ်သို့ သွားရောက်လည်ပတ်လေ့လာကြပြီး ခရီးစဉ်အတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(တပ်ကုန်း)၊ လွှတ်တော်အပါအဝင် နေပြည်တော်၏ အထင်ကရနေရာများသို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်