လန်ဒန် ၂၂ ဇူလိုင် 

ဘောရစ်ဂျွန်ဆင်သည် ယခုသီတင်းပတ်အတွင်း ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။ ၄င်းသည် အောက်တိုဘာ  ၃၁  ရက်တွင်  ဥရောပသမဂ္ဂမှ      ဗြိတိန်နုတ်ထွက်ရန် ဆုံးဖြတ်ထားသူလည်းဖြစ်သည်။ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေသည်  ဘရီဇစ်အရေး  ပါလီမန်တွင်  ပြင်းထန်သည့်ကန့်ကွက်မှုများနှင့် ကြုံတွေ့ ခဲ့ရသည်။

လန်ဒန်မြို့တော်ဝန်ဟောင်းဖြစ်သည့်   ဘောရစ်ဂျွန်ဆင်သည် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ်    ရွေးချယ်ခံရရန် ရေပန်းစားလျက်ရှိပြီး ထရီဆာမေ၏နေရာတွင် အစားထိုးမည့်သူဟု ယူဆကြသည်။ ပါတီအဖွဲ့ဝင်ပေါင်း ၁၆၀ဝဝဝခန့်၏မဲများသည်    ဂျွန်ဆင်ကို  မဲပေးမည်ဟု  ခန့်မှန်းထားသည်။    ကျန်ရှိ နေသေးသည့်မဲအရေအတွက်များကို      ဇူလိုင်  ၂၂  ရက်တွင် အပြီးသတ်ပေးပို့ရမည်ဖြစ်သည်။

ဇူလိုင် ၂၃ ရက်တွင်  နောက်ဆုံးရလာဒ်များကို ကြေညာမည်ဖြစ်သည်။        ဘောရစ်ဂျွန်ဆင်သည်          ဇူလိုင်  ၂၀  ရက်  အားလပ်ရက်တွင်  ပြဿနာကင်းကင်းနေနိုင်သော်လည်း  ၄င်းနေရာဆက်ခံခဲ့သည့်  နိုင်ငံခြားရေးဝန်ကြီး  ဂျရယ်မီဟန့်သည် ပင်လယ်ကွေ့တွင် အီရန်က ဗြိတိန်သင်္ဘောကို သိမ်းယူသွားသည့် အတွက်  အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းနေရသည်။

ဘောရစ်ဂျွန်ဆင်သည်  ဥရောပသမဂ္ဂမှ  အောက်တိုဘာ ၃၁  ရက်နေ့တွင်  နုတ်ထွက်ရာ၌  နုတ်ထွက်ရေးစာချုပ်မရှိဘဲ နုတ်ထွက်လိုသူဖြစ်သည်။ ဥရောပသမဂ္ဂမှ နုတ်ထွက်လိုခြင်း မရှိသူများ၊  နုတ်ထွက်ရေးစာချုပ်မပါဘဲ ဥရောပသမဂ္ဂမှ  မထွက်လို သူများသည် မစ္စတာဂျွန်ဆင်ကို ကန့်ကွက်ကြသည်။
ဂျွန်ဆင်သာ  ဝန်ကြီးချုပ်ဖြစ်လာပါက  တရားရေးဝန်ကြီး ဒေးဗစ်ဂျုဒ်က        အစိုးရအဖွဲ့  အတွင်းမှ      နုတ်ထွက်မည်ဟု   ပြောကြားခဲ့သည်။

အေအက်ဖ်ပီ