နေပြည်တော် ၂၂ ဇူလိုင်
မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ယနေ့ နံနက် ၈ နာရီခွဲတွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများကို ထုတ်ပြန်ရာ ဧရာဝတီမြစ်ရေသည် သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်းနှင့် မြင်းမူမြို့တို့တွင် စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီး ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်ထက် ကျော်လွန်လျက်ရှိသည်။
MDN
