နတ်တလင်း ၂၂ ဇူလိုင်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် မီးသတ်ဦးစီးဌာနတွင် ဇူလိုင် ၂၂ ရက် နံနက် ၉ နာရီက ရှာဖွေကယ်ဆယ်ရေး သင်တန်း အမှတ်စဉ် ၁/၂၀၁၉ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးဖြစ်သော မြေပြိုခြင်း၊ မြေစာပြိုခြင်း၊ ရေကြီးခြင်း၊ လေပြင်းတိုက်ခိုက်ခြင်း၊ ငလျင်လှုပ်ခြင်း စသည့် သဘာဝ ဘေးအန္တရာယ်များ ကျရောက်လာပါက သန္ဓေအရန်မီးသတ်တပ်ဖွဲ့သည် သဘာဝဘေးအန္တရာယ် ကျရောက်သည့် ပြည်သူများအား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် နည်းစနစ်မှန်ကန်ပြီး လျင်မြန်စွာ လုပ်ရသော လုပ်ငန်းဖြစ်သောကြောင့် စနစ်တကျ ကျွမ်းကျင်မှုရှိစေရန် သင်တန်းမှ ပို့ချပေးသော စာတွေ့လက်တွေ့ပညာရပ်များကို အလေးအနက်ထား မှတ်သားပြီး ပြည်သူများအတွက် ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ ဆက်လက်၍ သာသပါလကျောင်းတိုက်ဆရာတော် အရှင်ခေမိန္ဒနှင့် တပည့်ဒကာများ လှူဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ချိုဦးနှင့် ဦးစိုးမိုးအောင်တို့က လက်ခံရယူခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး သင်တန်းသား(၃၅)ဦးအား တစ်ပတ်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်မြင့် (နတ်တလင်း)


